Follow by Email

တဆစ်ဆစ်နဲ့ကဗျာတပုဒ်

ရုးမတတ်ချစ်ခဲ့တယ်.. နှလုံးသားတွေကြွေတော့မတတ်ပဲ... ငါ့အသိတွေ ဘာတွေနဲ့ ပိတ်ဖုံးနေလဲ...

ထာဝရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်.. အနာဂတ်မှာ မနက်စာဆိုတာခပ်ပါးပါးလဲဖြစ်ချင်ဖြစ်မယ်..

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ

ချစ်တဲ့ သစ်ပင်နှင့် Infinity

သစ်ပင်ရေ.... ငါ့ဘ၀က နွေမကဘူး ဒါတောင် ငါ့နှလုံးသွေးတွေနဲ့ အရိုးသားဆုံး မင်းကို လန်းဆန်းခွင့်တွေ ဆောင်ကြဉ်း ပေးစေခဲ့တာပါ....

အိပ်မက်သာဖြစ်ပါတော့

လွမ်းစရာ့ မနက်ဖန်တွေ ရှတတ အကြည့်မှာပြို.....

Thursday, January 12, 2012

ကျွန်တော်၏ စက်ရုပ် မနက်ခင်းများ

photo source; http://dailyandroid.net/android-640x480-wallpapers/
နံနက်မှောင်ရီလင်းစ
ပြူးပြဲထခါ
နိစ္စဓူဝ နေ့စဉ်ဘဝ ပြန်စလေပြီ
ခွန်ဆယ့်ငါးတောင်ရှိပါပေါ့လား..
ရေအိမ်ကိုကြွ မှန်ကိုပြလဲ
မျက်ခွံတွေများ ဆယ့်လေးငါးရက်
အစာငတ်သည့် လင်းဒငယ်ပမာ
အခါခါပြုတ်ကျ ဒီနေ့ငါ့မနက်အစပေါ့..
မျက်နှာကိုသစ် သွားကိုခြစ်
ကိုယ်ဝတ်အင်္ကျီ ကောက်ခါစွတ်တည်း
နာရီကြည့်ခါ ခြေအိတ်ရှာသည်
ခုနစ်နာရီခွဲပြီပဲ..
ပြူးခါပြာခါ အိတ်ကိုရှာပြီး
အိမ်သော့အတွဲ ကောက်ခါဆွဲလျက်
ဖိနပ်အိုထဲ ခြေထောက်ဝင်စေ..
တံခါးကိုဖွင့် အပြင်းနှင်သည်
တောအုပ် (Woodlands) ခေါ်သည် MRT(ဘူတာ)သို့
ချစ်သူလက်ကိုဆွဲလို့ပေါ့ ..



စာမရေးဖြစ်တာကြာပါပြီ ရေးချင်စိတ်ပေါက်လာတာနဲ့ ကျွန်တော်နေ့စဉ် (အထူးသဖြင့်မနက်ပိုင်းတွေ )  ဖြတ်သန်း ရတဲ့ အကြောင်းလေးကို အမှတ်တရ အဖြစ်ကဗျာစပ်ကြည့် လိုက်တယ်.(ကျွန်တော့်အချစ် ထည့်ပေးတဲ့ ထမင်းဘူးတို့ ပေါင်မုန့်ချိစ်ညှပ် လေးတွေကိုတော့ ဒီကဗျာ မနက်ခင်းတွေအတွက် စိတ် မကောင်းစွာနဲ့ ချန်ခဲ့ရပါတယ်..ချစ်သူနားလည်ပေးပါနော်) အာရုံရတဲ့အခါ ဆက်ပါဦးမည်..


Friday, December 2, 2011

ဘယ်လိုဖြစ်ဖြစ်


အသက်ရှူမဝတဲ့ နေ့စွဲတွေ
ကုန်ဆုံးတော့မှာပါ ချစ်သူ
တစ်ဒင်္ဂ ခဏလေးတော့
ငါနဲ့ အတူ ဆက်လက်ရှင်သန်ပေးပါ ....

*ဒီမွန်းကြပ်မှု ခဏကို
ငါတို့နှစ်ယောက်ရဲ့
အချစ်ခွန်အားနဲ့
အနာဂတ်ကို တွန်းလှန်ရိုက်ချိုးမယ် ချစ်သူ ....
ရှေ့ မှာ ပန်းတွေ ဆူးတွေ ချောက်ကမ်းပါးတွေ အပြည့်ပဲ
ဒါပေမယ့် ငါတို့ လုပ်နိုင်မှာပါ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ .....
ငါတို့လုပ်နိုင်မှာပါ....



Thursday, November 24, 2011

ထာဝရ


ချစ်သူ..
ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်..
အနာဂတ်မှာ မနက်စာဆိုတာခပ်ပါးပါးလဲဖြစ်ချင်ဖြစ်မယ်..
အလင်းတစက် အမှောင်တစ်ဝက် လဲလာချင်လာလိမ့်မယ်..
တသက်စာအချစ်လေ… ငါတိုဘဝတွေမှာ ထာဝစဉ် ကိန်းဝတ်နေဘို့ပဲလိုတယ်..
ကျန်တာတွေ ခပ်ပါးပါးပဲ..

ချစ်သူ..
တခြားလူတွေ ဘယ်လိုလဲမသိဘူး..
နားလည်မှုဆိုတာ နားလည်ပေးတဲ့သူတွေအတွက်ပဲ တန်ဘိုးရှိတာပါ..
မင်းနဲ့ငါ  ထာဝရ တန်ဘိုးရှိဘို့ပဲ လိုအပ်တယ်…

Wednesday, July 28, 2010

လွမ်းခန်း



ဆို့နင့်စွာ ခံစားတိုင်း
ငါ့မျက်ဝန်းတွေ နွေးထွေးစွတ်စို…
အရာရာ သိုဝှက် နောက်ရက် ဆိုတာမသေချာပေမယ့် ..
လက်ရှိကပို မျိုသိပ် နှုတ်ဆိတ်နေရုံ..
အရိုးစူးသလို ငါ့အချစ်က မျိုလေနာလေပဲ …
လွမ်းခန်း တသသနဲ့
နေမင်းနှုတ်ဆက်ချိန် ညရီရောမှာ
ငါကိုယ်တိုင် က နေရတဲ့
ဝေဝါး ကြမ်းရှရှ ဇါတ်ခုံလား
ချစ်သူရေ …. မျှော်လင့်တိုင်းပြည့်စုံပါစေသား …..

နာ



အစာလွန် အိပ်မက်တွေ
ကိုယ်ပိုင်
နှစ်သိမ့်မျက်ရည်များနဲ့
ယောင်ဝါး နေ့ရှည်ရှည်
အတ္တိသရ လွန်နေကြတဲ့
လူကြွားတွေရဲ့
ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…
ခေါင်းစဉ်လွဲနေတဲ့ သြဝါဒတွေ…
တကယ်တော့ သူတို့ သိတဲ့ဘဝက
ငါ့အတွက် ဟာသမြောက်ပါတယ်..
ဒီမြွတ်ကြားမှုတွေ အောက်မှာပဲ…
တစ်ထပ်ပြီး တစ်ထပ် ရစ်ပတ်နေတဲ့
သံယောဇဉ်နဲ့ အကြွေးတွေပေါ့
ငါဗိုက်နာနေတုန်းပဲ

အသံ ( harmonious)



အသံတစ်သံကြားနေရတယ်….
ဦးနှောက်ထဲမှာဝီခေါ်အောင်မြည်နေတဲ့အသံ
ဦးခေါင်းတစ်ခုလုံးပေါက်ထွက်သွားတော့မတတ်ပဲ
နားပိတ်ထားလည်းကြားနေရတယ်
ဘယ်နေရာကိုပဲရွှေ့ရွှေ့အသံကလိုက်လာတယ်
အဲဒီ့အသံကိုမုန်းလွန်းလို့မကြားချင်တော့ဘူး
အဲဒီ့အသံရပ်ပါစေလို့ဆုတောင်းပြီးရင်းတောင်းနေရတယ်
တစ်ချက်တစ်ချက်တိုးသွားတယ်
အသံပျောက်သွားပြီထင်လို့ပျော်နေတုန်းပြန်ကျယ်လာပြန်တယ်
တော်ပါတော့….. တောင်းပန်ပါတယ်…..
ဟော…..
ရုတ်တရက်ဆိုသလိုအဲဒီ့အသံပျောက်သွားတယ်
ခဏလေးနားစိုက်ထောင်ကြည့်လိုက်သေးတယ်
အသံတစ်ကယ်ပျောက်သွားတယ်
အား…ကောင်းလိုက်တာ….
နားကိုချမ်းသာသွားတာပဲ
ခုမှပဲအေးအေးချမ်းချမ်းအိပ်ရတော့မယ်


တခါတလေ ( harmonious)


တစ်ခါတစ်လေ ဘ၀ကအဓိပ္ပါယ်မရှိဘူး….
တစ်ခါတစ်လေ အချစ်ကအဓိပ္ပါယ်မရှိဘူး….
ဘ၀ကအချစ်လား အချစ်ကဘ၀လား တကယ့်အဓိပ္ပါယ်ကိုရှာမရဘူး….
တစ်ခါတစ်လေ ဘ၀ကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျဖန်တီးခွင့်…
တစ်ခါတစ်လေ အချစ်ကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျမြတ်နိုးခွင့်….
တစ်ကယ်ဖြစ်ခွင့်ကိုမျှော်လင့်တုန်း လက်ဝယ်ပိုင်ဆိုင်ခွင့်မရသေးဘူး….
တစ်ခါတစ်လေတွေရဲ့ တစ်ခါတစ်လေပေါင်းများစွာ ငါငိုနေရတုန်း….
တစ်ခါတစ်လေတော့လည်း ငါ့မျှော်လင့်ချက်တွေပျောက်ကွယ်တုန်း
ရည်ရွယ်ရာလမ်း မှန်းရော်ရမ်းရတုန်း
တစ်ခါတစ်လေတော့လည်း ချစ်သူရဲ့အနမ်းတွေရနေတုန်း
ချစ်သူ့ ပုခုံးမှာမှေးစက်နားခိုခွင့်ကိုပေးနေတုန်း
တစ်ခါတစ်လေလေးပဲချစ်ခွင့်ရလိုက်မှာကို ကြောက်နေတုန်း
အဲဒီ့တစ်ခါတစ်လေတွေကြားထဲမှာ
ချစ်တဲ့သူ့ကိုတစ်ခါတစ်လေလေးပဲပိုင်ဆိုင်ခွင့်ရလိုက်မှာကို
ငါတစ်ခါတစ်လေစိုးရိမ်မိနေတုန်း

ခိုသံ



လွမ်းရေးထက် ဝမ်းရေးခက်တယ်တဲ့
ရင်ခုန်စရာမကောင်းလောက်အောင် .. ကောနေတဲ့ကံ
ပေါက်လို့ပဲစား  စိတ်ဓါတ်တွေ အဆ မတန်အောင်ကြီးထွား ..
အင်း .. အ “အ”  အိပ်မက်မက်နေသလို ငါ့ဘဝလေ ..
သေလောက်အောင် အိပ်ချင်နေလဲ
ငါမျက်လုံးကို ရင်ဘတ်က ဆွဲဖြဲနေတယ်..
ဆံပင်အောက်က ဥာဏ်မရှိတဲ့ ခေါင်းကလဲ အပါအဝင်ပေါ့ ….
အပေါစား အကြံဥာဏ်တွေကတော့ ဦးနှောက်နဲ့တောင်မဆံ့ချင်ဘူး ..
အချစ်လား … ဘဝလား .. ရင်ခုန်သံတွေသေလောက်အောင် ..
အနာဂတ်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်နေဦးမှာလား …
အားကိုးစရာ ကံ၊ ဥာဏ်၊ နဲ့ ဝီရိယ … အားလုံး မြေအောက်ရောက်နေပြီ…
အသက်ရှူကြပ်တယ် ..

ပြည့်စုံကြပုံများ


ကျွမ်းပါ သဘိ
အရမ်းသာ မလန်းကြသေးတာ ..
အရမ်းစွာ၏
အစွမ်းသာ မရှိကြသေးတာ ..
အရမ်းမာ၏
အမြင့်သာ မရောက်ကြသေးတာ ..
အရမ်း ဝါ၏
အဆင့်သာ မရှိကြသေးတာ ..
အရမ်းခါ၏
ဒလကြမ်းသာ မချောကြသေးတာ..
ဒါဘဝတဲ့ ကဲ ဒီဇာတ်လမ်းမှာ ဘယ်သူတွေပါကြဦးမလဲ ..

အရိုးစွဲခြင်း


အတိတ်အတွက်
အရာရာနောက်ကျ
ဒါဏ်ရာ ဗလပွနဲ့ ငါ့ည
ပစ္စုပ္ပန် ကတော့အိပ်မောကျနေလေရဲ့
အနာဂါတ် ဆိုတဲ့ နိစ္စဒူဝ ယန္တယားထဲကနေ
ဖောက်ထွက်လို့ရရင်ဘယ်လောက်
ကောင်းလိုက်လေနော်
ငါဘယ်တော့ “လူ ပီသစွာ” နေထိုင်မှာလဲ ..
မင်းရော “လူ ပီသ”  ပြီးပြီလား ….
ဘာလဲ ထမင်းတစ်လုပ် ၊ ကျေးဇူးတစ်ခု
အသပြာတွေ အတွက် … မင်းတို့ ငါတို့
အဆိုးဆုံး ဖောက်ပြန်မှုတွေဖြစ်ခဲ့ကြပြီ …
အလိမ်အညာတွေ ထွေရာလေးပါး
မကင်းနိုင်ကြတော့ဘူးလား. ..
မင်းရော ငါရော ဒီအမွေတွေအတိုင်း
အရိုးမစွဲပါရစေနဲ့ …..

မှတ်ချက်…   ဒီကဗျာလေးမှာ .. မင်းရော .. ငါရော .. ဟာ  ကျွန်တော်ကိုယ်တိုင်ပါပဲ …

လွင့်မြောတဲ့ညများ



အိပ်ရာမဲ့ ဝင်္ကဘာထဲ
အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင်
ဘယ်လောက်လုပ်လုပ် ငါ့ဘဝက
စက်ရုပ်တစ်ခုလိုပဲ
အရိုးစွဲနေတဲ့ ညစ်ညမ်းပျင်းရိဖွယ်
ညဥ့်နက်တွေတိုင်းမှာ တည်ရာတစ်ခုကို
အာရုံစိုက် … ငိုက်မြည်းစရာမကောင်းလိုက်တာ
အားလုံးအိပ်ချိန်မှာ ငါမအိပ်ချင်သေးဘူး
စိတ်စေရာ လိုက်မျှော .. တစ်ခုပြီးတစ်ခု
နောက်တစ်ခုပြီးတစ်ခု .. ဘယ်အရာက
ငါ့ကိုအောင်မြင်စေမှာလဲ …

ပြန်လည်ကြိုလင့်ပါ


ဘယ်လောက်ပဲ ဝေးကွာ ဝေးကွာ ..

နှစ်တွေကြာခဲ့ပေမယ့် လွမ်းဆဲ

ပူလောင်အိုက်စပ်တဲ့ မီးခိုးများနဲ့ မြို့ပြမှာ

အခြေအနေအရ ဘဝလမ်းတွေလျှောက်နေပေမယ့်

အမြဲတမ်းလိုလို ပန်းတွေ လန်းနေတတ်တဲ့

ငါတို့မြို့ရဲ့ အေးချမ်းတဲ့ ရာသီဥတု..

တောင်ပေါ်သဘာဝ ကွေ့ကောက်တဲ့လမ်းကလေးတွေနဲ့

တောင်တန်းတွေတလျှောက် စီးမျှောရတာလေးတွေ

ရွာသွန်းလွန်းတဲ့ မိုးဥတုကို ကျော်လွန်ဘို့ ကြိုးစားနေကြတဲ့

တောင်နေကြာရိုင်းပင်တွေရေ

ငါ့ကိုတချိန်မှာ ပြန်လည်ကြိုလင့်နေကြပါ …

(ကျွန်တော်ချစ်တဲ့ ရာသီဥတုနဲ့ သန့်ရှင်းလှတဲ့
ကျွန်တော်တို့မိုးကုတ်မြို့အား ဒီကဗျာလေးနဲ့လွမ်းခွင့်ပြုပါ) ..

(မိုးကုတ်လူငယ် အတွက်ရေးထားတာလေးပါ .. တောင်ပေါ်မြို့လေးတွေမှာ နေခဲ့ဘူးသူများ ခံစားလို့ရမယ်ထင်ပါတယ်..)

မင်းအတွက်ငါ


စိတ်ညစ် မနေစမ်းနဲ့ အရာရာအောင်မြင်မှုတွေနဲ့အတူ
မင်းအတွက် ငါ ဖြစ်စေရမယ်…
နှလုံးသားနဲ့ ရင်းထားတဲ့ သံယောဇဉ်
ငါတို့ ကမ္ဘာပြိုတောင် ပျက်မသွားဘူး
မင်းလေးစိတ်ချပါ ….
မုန်တိုင်းထန်ရင် အံတုထား ..
မင်းအတွက် နွေးထွေးတဲ့ ရင်ခွင်ရှိသေးတယ်..
အရာမရောက်တဲ့ လေပူတွေ ဘယ်လောက်တိုက်တိုက်
ငါ မင်းကို တနေ့နေ့ တသက်စာ ပျော်ရွှင်စေခွင့်ရခဲ့ရင်..
ငါ …. ကျေနပ်တယ်….
မင်းတစ်သက်လုံး အေးအေးချမ်းချမ်း
ရှင်သန်သွားမယ်ဆို ..
ငါ … ဘာမဆိုစတေးပျော်တယ် ….