Follow by Email

Thursday, November 6, 2008

ချစ်တဲ့ သစ်ပင်နှင့် Infinity

ချစ်တဲ့သစ်ပင် (by granfarz)

သစ်ပင်ရေ....
ငါ့ဘ၀က နွေမကဘူး
ဒါတောင် ငါ့နှလုံးသွေးတွေနဲ့
အရိုးသားဆုံး မင်းကို လန်းဆန်းခွင့်တွေ
ဆောင်ကြဉ်း ပေးစေခဲ့တာပါ....

သစ်ပင်ရေ....
မင်းနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို
ငါတို့အတူ ဖန်တီးခွင့်ရတာ
ကျေးဇူးတင်ပါတယ်....
ငါတို့ကို ဘဝက ဘယ်ချိန်ထိများ
ပျော်ရွှင်ခွင့်တွေ ဆက်ပေးဦးမှာလဲ....


သစ်ပင်ရေ....
ငါအဲ့သြ ကြည်နူးမိလေရဲ့
အချစ်က ဆေးစွမ်းတစ်လက်လို
အရာရာကို ကုစားပြောင်းလဲလို့
ရတယ်ဆိုတာ....
မင်းငါ့ကို ပေးသိတယ်လေ....

သစ်ပင်ရေ....
မင်းဟာ ငါ့အတွက်
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ငါ စောင့်ရှောက်ချင်သေးတယ်...
ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့....

သစ်ပင်ရေ....
ငါ့အတွက် အသီးအပွင့်တွေ
မဝေဆာရင်နေပါ မင်းဆက်လက်
စိမ်းလန်းနေရမယ်နော်....
ဒါဟာ ငါ့ အတ္တပေါ့
ပြီးတော့ ငါ့အချစ်တွေ
မြေမခ သရွေ့ ပေါ့

......................................................

Infinity (Endless Distance) (by harmonious)


သိပ်ချစ်တယ်.... လို့ ပြောချင်လဲ
ချစ်ခွင့်မကြုံ မဆုံနိုင်တဲ့ ဒီဘဝမှာ
အသာအယာ သိမ်းဆည်းထား....
ဒါပေမယ့် ငါ့အပြုံး ငါ့မျက်လုံးမှာ
မင်းတွေ့ မှာပါ
မင်းအပြုံး မင်းမျက်လုံးမှာလဲ
ငါတွေ့ထားတယ်....
တို့နှစ်ယောက်ရဲ့ နားလည်မှု
အပြန်အလှန် ဖေးကူရင်းနဲ့
ရှေ့ ကိုဆက်သွားကြမယ်....
အချစ်ကို အချစ်လို့ပဲ မှတ်လိုက်ပါ
ဘာအရောင်မှ မဆိုးနဲ့
ဒီလိုဆို တို့နှစ်ယောက်သက်သာမယ်....
တစ်ခါတစ်ရံ တောင့်တမိတယ်
မင်းရဲ့ ကြင်နာမှုနဲ့ ရင်ခုန်သံကို
ဒါဆို အိမ်မက်ထဲမင်းလာခဲ့
ငါရင်ခုန်စွာ စောင့်ကြိုမယ်....
တို့ နှစ်ယောက်ရဲ့ ပန်းတိုင်က
Infinity မှာရှိနေတယ်
အဲဒါကို စိတ်ကူးထဲကနေ အရောက်သွားကြမယ်....
မင်းလိုက်မှာလား ငါ့ရဲ့ လက်ကိုဆုတ်ကိုင်ပြီး
ဒါမှမဟုတ် မင်းရဲ့ လက်ကို ငါက ဆုတ်ကိုင်ပြီးတော့ပေါ့....
မင်းစိတ်ကူးကြည့်လိုက်စမ်း
Infinity မှာ တို့နှစ်ယောက် အတူရှိနေတယ်
အဲဒီမှာဆို မင်း အခုမပြောဖြစ်တဲ့ စကား
ပြောဖြစ်မှာလား သိမ်းထားမှာလား....
Infinity ကို အရောက်သွားနိုင်ခဲ့ရင်တော့
ငါတို့ တောင့်တဖူးတဲ့ အရာတွေကို
ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးလား ချစ်သူ....





2 ယောက်အကြံပေးပါတယ်..:

Infinity မှာဆုံခွင့်ရှိတာပေါ့ ဟုတ်တယ်... အရမ်းကောင်းတဲ့ အရေးအသားပါပဲရှင်

အရမ်းကောင်းတဲ့ ကဗျာလေး နှစ်ပုဒ်ပါပဲရှင်.. Infinity ကိုတော့ ပိုကြိုက်တယ်