ဆို့နင့်စွာ ခံစားတိုင်း
ငါ့မျက်ဝန်းတွေ
နွေးထွေးစွတ်စို…
အရာရာ
သိုဝှက် နောက်ရက် ဆိုတာမသေချာပေမယ့် ..
လက်ရှိကပို
မျိုသိပ် နှုတ်ဆိတ်နေရုံ..
အရိုးစူးသလို
ငါ့အချစ်က မျိုလေနာလေပဲ …
လွမ်းခန်း
တသသနဲ့
နေမင်းနှုတ်ဆက်ချိန်
ညရီရောမှာ
ငါကိုယ်တိုင်
က နေရတဲ့
ဝေဝါး
ကြမ်းရှရှ ဇါတ်ခုံလား
ချစ်သူရေ
…. မျှော်လင့်တိုင်းပြည့်စုံပါစေသား …..






0 ယောက်အကြံပေးပါတယ်..:
Post a Comment